ရွှေမင်းသား မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်...

Friday, April 04, 2008

အိမ်တွင်းပုန်း သင်္ကြန်

Photobucket

နွေရာသီဆိုတာကြီးက ကျနော့်ရင်ကိုချောက်သွေ့စေသည်..ပက်ကြားအက်နေသော မြေပြင်ကျယ်လို
ကျနော့်အသည်းတွေလည်း ဟက်တက်ကွဲခဲ့ရပြီ...နွေရာသီ ကိုအေးချမ်းစေမည့် သင်္ကြန်အခါ လည်း
ရောက်ရှိလာတော့မည်...မိုးတစ်ပြိုက်နှစ်ပြိုက်ကျလိုက်သည်နှင့် သင်္ကြန်ရဲ့ သင်္ကေတ ပိတောက်ပန်း
တွေလည်းပွင့်ပေဦးတော့မည်...သင်္ကြန်ဆိုတာ မြန်မာပြည်သူ၊ ပြည်သားတွေ ရဲ့ နှစ်သစ်ကူး အခါ
သမယပင်ဖြစ်သည်..ပျော်တတ်သူများအဖို့ ပျော်ရွှင်ဖွယ်ကောင်းပြီး ပျော်ရွှင်ခြင်း ကင်းမဲ့နေသူများ အဖို့ အိမ်တွင်းပုန်းနေရမည့် အချိန်ဖြစ်သည်....လူကြီးသူမများကတော့ ဥပုသ်သီတင်းစောင့်ပြီး
ကျနော်တို့လို လူငယ်တွေကတော့ ဒီလိုအချိန်တွင်ပျော်ရန်မှတစ်ပါး အခြားမရှိတော့ပြီ..။
"တူးပို့....တူးပို့.." ဆိုသော မရိုးနိုင်သည့် သင်္ကြန်သီချင်းများကိုလည်း ကြားရဦးမည်..သီချင်းသံများ
ကြားတိုင်း...ကောင်မလေးများကို မြင်တိုင်း သူ့ကို လွမ်းဆွတ်မိသည်...
"မေသင်္ကြန်.."
နာမည်လေးက လှသလို လူကလည်း လှသည်..မမျှော်လင့်ဘဲဆိုတာထက် မထင်မှတ်ဘဲ ရေကစားရာ
ရေပိုက်ပျော့လေးကိုင်လျက် ကြည်လင်သော မျက်မှန်လေးတပ်ထားသော သူ့ကို မြင်လိုက်မိစဉ် တင်္ဒဂ
လေးအတွင်း ကျနော့် ရင်တွေ ဗြောင်းဆန်အောင်ခုန်သွားခဲ့ရသည်..စကားလုံးမရှိတော့သော
ရင်ဘတ်တစ်ခုလုံးက နှလုံးခုန်သံသည် တစ်စက္ကန့်တွင် အကြိမ်ပေါင်း ၁၅၀၀ ခုန်သွားခဲ့ရသည်..
သူ့အနား မယောင်မလည် ကပ်သွားပြီး....
" တစ်ဆိတ်လောက်...နာမည်လေး ပြောပြပါလား..."
" ရှင်က သင်္ကြန်မှာ သန်းခေါင်စာရင်းလိုက်ကောက်နေတာလား...." ပါးချိုင့်လေး နှစ်ဘက်ပေါ်အောင်
ပြုံးရင်းက ပြန်ပြောလာတော့ ကျနော် မှင်တက်နေမိသည်...
" မ....မ..ဟုတ်ပါဘူး ဗျာ..ခင်ဗျားကို ခင်...ခင်ချင်လို့ပါ..."
" သြော်...ရပါတယ်...ခင်ပါ...ဒီက မေသင်္ကြန် လို့ခေါ်ပါတယ်..."
" ဟုတ်ကဲ့...အသိအမှတ်ပြုတဲ့အတွက် ကျေးဇူးပါ.."
" ဒါနဲ့...ဖုန်းနံပါတ်ရော ယူဦးမှာလား...."
ထခုန်မိမတတ် ဖြစ်သွားတဲ့ ကျနော်..၀မ်းသာအားရနှင့် သူပေးသော လိပ်စာကဒ်လေး ကို
ရေမစိုအောင် လန်ဒန် ဆေးလိပ်(သံဘူး) အတွင်းထည့်ပြီး...ကျနော် နှုတ်ဆက်ထွက်လာမိသည်...
" အကျနေ့..." " အကြတ်နေ့....." " အတက်နေ့...." တွေမှာ သူနဲ့နေခွင့်ရတဲ့ အချိန်တွေဟာ ကျနော့်
အတွက်တော့ အတိုင်းထက်အလွန် ပျော်ရွှင်ခဲ့ ရတာပေါ့...ကုန်လွန်ခဲ့ရတဲ့ သင်္ကြန်ရက်များကို
နှမျောမိသလို ထပ်ပြီးတောင့်တနေမိတယ်....သူပေးသွားတဲ့ လိပ်စာကဒ် လေးကိုင်ရင်းနဲ့
သူ့ဆီဖုန်းဆက် ဖို့ကြိုးစားတဲ့
အခါတိုင်း စိတ်ဟာ မ၀ံ့ရဲခဲ့ဘူး..စိတ်ဒုံးဒုံးချပြီး ဆက်လိုက်တဲ့ တစ်နေ့....
" ဟယ်လို...."
" မေသင်္ကြန် နဲ့ ပြောချင်လို့ပါ...."
" သမီး မရှိဘူးကွဲ့...စင်ကာပူ ကို သူ့အမျိုးသားနဲ့ ဟန်းနီးမွန်း ဆိုလား မသိဘူး...သွားလိုက်ပြီ..."
ကျနော့် ခန္ဓာကိုယ်တစ်ခုလုံးက သွေးခုန်နှုန်းတွေ ပြောင်းပြန်ဖြစ်သွားသလို ကျောက်ရုပ်တစ်ခုလို
ငြိမ်နေမိတယ်..အခုတော့ သင်္ကြန်ဆိုရင် အသံမကြားချင်လောက်အောင်ဖြစ်နေမိပြီ...၀ါရွှေရောင်
ပိတောက်ဖူးလေးတွေ မမြင်ချင်လောက်အောင်..မြင်မြင်သမျှ အရာအားလုံးထဲမှာ သင်္ကြန်ဟာ
ချောက်ကပ်နေသလိုလို...ကျနော့်တစ်ယောက်တည်းအတွက် သင်္ကြန်ဟာ ပျော်ရွှင်မှု ဆိတ်သုန်းခဲ့
ရတယ်..သင်္ကြန် သီချင်းသံ ကြားတိုင်း ရင်နာနေမိတယ်. ဒါပေမယ့် ဧပြီလရောက် တိုင်း သင်္ကြန်ဆိုတာ
မလွှဲမသွေ ကျလာဦးမှာပါ..ပိတောက်တွေလည်းပွင်းလန်းနေဦးမှာပါ...မေသင်္ကြန်လို
ကောင်မလေးတွေ လည်း ရှိဦးမှာပါ..ကျနော်လည်း အိမ်တွင်းပုန်းနေဦးမှာပါ..။ ။

0 ခုလောက် ဝေဖန်ကြည့်ရအောင်:

Post a Comment

Online ပေါ်တွင် ကြော်ငြာများကို ကလစ်နှိပ်၍ ငွေ ရှာ ရန်အတွက် ပုံတွင် ကလစ်နှိပ်၍ မင်ဘာဝင်နိုင်ပါပြီ..

*******************************************************

*******************************************************

*******************************************************

468x60 *******************************************************

*******************************************************

*******************************************************

*******************************************************

*******************************************************

-------------------------------------------------------