မနက် အိပ်ရာ နိုးထချိန်...
ငါ့ရင်ခွင်လည်း ဗလာဟင်းလင်း..
အချစ်စိတ်တို့ ပျံ့ နှံ့စီးဝင်..
အရင်ဆုံး သတိရလိုက်မိတာ...
မင်းလေးပေါ့.....
စွဲမက်လောက်တဲ့ မင်းရဲ့ သံစဉ်ချိုမြမြ
တစ်ရက်လောက်မှ မကြားမိရင်..
ငါ့ရင်ခွင်တစ်စုံမှာ တုန်ခါနေတဲ့အထိ
Vibration မြင့်နေခဲ့တာ..
ငါကိုယ်တိုင် သတိထားမိချိန်မှာ
မင်းကို ချစ်နေမိပြီလား ဆိုတာ
မသေချာ...မရေရာခဲ့ဘူး....
ကြည်လင်ဝင်းပနေတဲ့..
ပကတိ ရိုးရှင်းလွန်းတဲ့ မင်းရဲ့ မျက်နှာ..
တစ်ချက်ကလေး ကြည့်မိရုံနဲ့
ငါ့ရဲ့ အသည်းပြင် မျက်ကြည်လွှာမှာ
တစ်ဘ၀စာ စွဲထင်ခဲ့တော့..
ကြည့်လိုက်တိုင်း ၀န်းကျင်မှာ
မင်းရုပ်လွှာ အမြဲထင်ခဲ့ပေါ့
ငါမေ့မရခဲ့တာ အချိန်တွေလည်း ကြာလှရော့..............။
0 ခုလောက် ဝေဖန်ကြည့်ရအောင်:
Post a Comment